Latest News
 New! မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ၏ တရားပွဲ (05/07/2009)
ဥရောပနိုင်ငံများသို့ ခရီးစဉ်အပြီး၊ ဇူလိုင်လ ဒုတိယပတ်အတွင်း မြန်မာပြည်သို့ ပြန်လည်ကြွချီမည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးသည် သာသနရံသီဝိဟာရ၌ ဒကာ ဒကာမတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
(သာသနရံသီဆရာတော်နှင့် တပည့်ဒကာဒကာမများ)
နေ့ရက်။        ။ဇူလိုင်လ (၅) ရက် တနင်္ဂနွေနေ့
အချိန်။        ။ညနေ (၇)နာရီ မှ နောက်တနေ့ နံနက်(၉)နာရီအထိ
နေရာ။        ။ သာသနရံသီ ၀ိဟာရ
 ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်ပြည့်မွေးနေ့ ဆွမ်းဆက်ကပ်လှူဒါန်း၊ ဆုတောင်းပွဲ(19/06/2009)
ဒေါ်အောင်ဆန်းစုကြည်၏ ၆၄-နှစ်ပြည့်မွေးနေ့တွင် ဒီမိုကရေစီ အင်အားစုများ စုပေါင်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း၊ ဆုတောင်းပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။ဇွန်လ (၁၉) ရက် သောကြာနေ့
အချိန်။        ။နံနက် (၁၀)နာရီ မှ (၁၁း၃၀)နာရီအထိ
နေရာ။        ။ သာသနရံသီ ၀ိဟာရ
 မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ၏ တရားပွဲ (07/06/2009)
မန္တလေးမြို့ မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ ဆရာတော်ဘုရားကြီးသည် အင်္ဂလန်နှင့် ဥရောပတခွင်တွင် စွမ်းစွမ်းတမံ သာသနာပြုတော်မူနေကြသော တပည့်ရဟန်းတော်တို့၏ သာသနာပြုလုပ်ငန်းများကို အားပေးရန်နှင့် ဒကာ ဒကာမတို့အား တရားရေအေးတိုက်ကျွေးတော်မူရန် ၂၀၀၉ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် လန်ဒန်မြို့သို့ ရောက်ရှိတော်မူကာ၊ ထိုမှ တဆင့် နော်ဝေး၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမဏီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ နှင့် ပြင်သစ်နိုင်ငံများ သို့ ဆက်လက်ကြွရောက်တော်မူမည် ဖြစ်ပါသည်။
ထိုနိုင်ငံများသို့ မကြွရောက်မီ သာသနရံသီဝိဟာရ၌ ဒကာ ဒကာမတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ပါသောကြောင့် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
(သာသနရံသီဆရာတော်နှင့် တပည့်ဒကာဒကာမများ)
နေ့ရက်။        ။ဇွန်လ (၇) ရက် တနင်္ဂနွေနေ့
အချိန်။        ။ညနေ (၇)နာရီ မှ (၉)နာရီအထိ
နေရာ။        ။ သာသနရံသီ ၀ိဟာရ
 စုပေါင်းရဟန်းခံ ရှင်ပြုပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ နှင့် သင်္ကြန်ပွဲ (18/04/2009)
ဧပြီလ ၁၈-ရက် နံနက်တွင် စုပေါင်းရဟန်းခံပွဲ နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ထို့နောက် ပရိသတ်များ နေ့လည်စာ သုံးဆောင်ခြင်း၊ နေ့လည်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် သံဃာတော်များမှ တရားတော်များ ဟောကြားခြင်း၊ ညနေတွင် The Nox တေးဂီတအဖွဲ့၊ ဧည့်သည်တော် အောင်ရင်- နန်း အမရ မြန်မာတီးဝိုင်း တို့က ကျောင်းသူ ကျောင်းသား လူငယ်မောင်- မယ်များ၏ သကြန်တေး သင်္ကြန်ယိမ်း တို့ နှင့် တွဲဘက်ကာတင်ဆက်ဖြေဖျော်ပါမည်။
နေ့ရက်။        ။ဧပြီလ ၁၈-ရက် (စနေနေ့)
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။ သာသနရံသီ ၀ိဟာရ (9:00 to 12:00) နှင့် St. Matthias Hall (13:00 to 23:00)
 ထမနဲပွဲ (08/02/2009)
ဖေဖေါ်ဝါရီလ ၈-ရက် နေ့တွင် သာသနရံသီ ၀ိဟာရ၌ ထမနဲပွဲ ပြုလုပ်မည်ဖြစ်ပါ၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။ဖေဖော်ဝါရီ ၈-ရက် (တနင်္ဂနွေနေ့)
အချိန်။        ။နေ့လည် ၂ နာရီ
နေရာ။        ။သာသနရံသီ ၀ိဟာရ
  နှစ်သစ်ဆုတောင်းပွဲ (01/01/2009)
အဟောင်းအဟောင်းတို့ ချုပ်ငြိမ်းကွယ်ပျောက်၍ အသစ်အသစ်ရောက်ရှိလာကြသည်ဟူသော လောက သဘာဝနိယာမအတိုင်း မကြာမီ မင်္ဂလာရှိသော နှစ်သစ်မင်္ဂလာအခါသမယသည် ရောက်ရှိ လာတော့မည်ဖြစ်ပါသည်။ ထိုမင်္ဂလာရှိသော နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ဒုက္ခရောက် နေသူမြန်မာ ပြည်သူပြည်သားများနှင့် ကမ္ဘာသူ ကမ္ဘာသားတို့၏ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရားမျှတရေး၊ လူအခွင့်အရေးတို့အတွက် ရတနာသုံးပါးအား ရှိခိုးပူဇော်ခြင်း၊ ဆုတောင်း မေတ္တာပို့သခြင်း အခမ်းအနား ပြုလုပ်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။ဇန်န၀ါရီလ (၁) ရက်၊ ၂၀၀၉ ခု။ (ကြာသပတေးနေ့)
အချိန်။        ။မွန်းလွဲ (၂) နာရီ (ဒေါက်တာဝင်းထွဋ်+ မမေလှမောင်၊ သား ကိုပေါက် တို့က ကြာဇံဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံပါမည်။)
        ။မွန်းလွဲ (၃) နာရီ (ရတနာသုံးပါးအား ရှိခိုးပူဇော်ခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း)
အစီအစဉ်။        ။ဖိတ်စာအသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီဝိဟာရ
  ကထိန်သင်္ကန်းကပ်လှူပွဲ (02/11/2008)
သာသနရံသီဝိဟာရ ဂေါပကအဖွဲ့မှ ဦးဆောင်၍ စုပေါင်းဘုံကထိန်အလှူတော် ကထိနမင်္ဂလာ ကို ဆင်ယင်ကျင်းပကြမည်ဖြစ်ရာ၊ သာသနရံသီ ၀ိဟာရတွင် သီတင်းသုံးတော်မူသည့် ပုရိမ၀ါမှ ထမြောက်တော်မူကြသော သံဃာတော်အရှင်မြတ် (၄)ပါးနှင့် ပင့်သံဃာ (၈)ပါး အပါအ၀င် သံဃာတော်အရှင်မြတ် (၁၂)ပါးတို့အား ကထိန်လျာသင်္ကန်းနှင့် အခြားသော လှူဒါန်းဖွယ်များကို ဘုရားရှင်နှင့်တကွ ပရမတ္တသံဃာ အရိယာရှစ်မည် ပုဂ္ဂိုလ်ထေရ်၌ စိတ်ရည်ထောက်ရှု အာရုံပြု၍ စေတနာထက်သန်စွာဖြင့် နိဗ္ဗာန်ရည်မှန်း လှူဒါန်းပြီးလျှင်၊ သံဃာတော်အရှင်မြတ်တို့ထံမှ ကထိန်အနုမောဒနာ တရားဒေသနာကို ဓမ္မမိတ်ဆွေများနှင့် အတူတကွ နာကြားလိုသည်ဖြစ်ပါ၍၊ အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ကထိန်သင်္ကန်းနှင့်တကွ မိမိတို့ လှူဒါန်းလိုသော အခြားလှူဖွယ်ရာ ပစ္စည်းများကိုလည်း ပဒေသာပင်သီးရန်အတွက် ကြိုတင်၍ လှူဒါန်းနိုင်ကြပါသည်။
သင်္ကန်းလှူလိုသည့် အလှူရှင်ပုဂ္ဂိုလ်များ တစုံလျှင် ၃၅-ပေါင်နှုန်းဖြင့် ဖုန်းဆက်မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်။
နေ့ရက်။        ။၁၃၇၀-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၅) ရက်၊ တနင်္ဂနွေနေ့ (2/11/2008)
အချိန်        ။နံနက် (၁၀)နာရီမှ မွန်းလွဲ (၂း၃၀) အထိ
အစီအစဉ်။        ။ဖိတ်စာအသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီဝိဟာရ
  မြန်မာ့ရိုးရာ အနုအလှ သုခုမ ကပွဲသဘင် (30/08/2008)
(သစ္စာ မေတ္တာ) ရွှေမန်းသဘင်၊ (အလင်္ကာစကား) ပြိုင်ဘက်ရှားသည့် လေးစားပြည်ဘောင် (အလင်္ကာကျော်စွာ) ရွှေမန်းဦးတင်မောင်၏ သားစဉ်မြေးဆက် (၇၅)နှစ် စိန်ရတုဆက်လို့၊ ပြိုင်ဘက်စံရှား (ရွှေမန်း) မင်းသား ကိုဝင်းမောင် နှင့် (ရွှေမန်း) မင်းသား ကိုချမ်းသာ တို့က ဗုဒ္ဓရာဇ၀င် - နိပါတ် - ဇာတ်သွား - နှစ်ပါးမြိုင်ထ အကပြိုင်ကြရာတွင် နိုင်ငံတော် ရွှေတံဆိပ် (၁၉) ခု ပိုင်ရှင် ရွာစား ကိုသီရိမောင်မောင်နှင့် ၀ိုင်းတော်သားများက တီးမှုတ် သီဆို ပါဝင်ပြီး၊ ရွှေမန်းသဘင် ပင်တိုင်မင်းသမီးလေးများ ဖြစ်ကြသည့် ရွှေကြိုးကြာ၊ သွန်းအိနြေ္ဒ၊ ရွှေမြန်မာ အငြိမ့်မင်းသမီးလေး ဒါလီလင်း တို့နှင့်အတူ၊ ခေတ်သစ် လူရွှင်တော် ဟာသမောင်ရေခဲနှင့် ပေါင်မုန့် တို့က အပျင်းတော်ပြေရန် တင်ဆက် ဂုဏ်ယူ ကပြပါမည်။
နေ့ရက်။        ။30 August (Saturday)
အချိန်။        ။16:30 – 22:00
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Download leaflet in PDF
(File size: 15.5 MB)
ဝင်ကြေး။        ။£20 (လက်မှတ်များကို ဟောခန်းအ၀တွင် ၀ယ်ယူနိုင်ပါသည်။)
နေရာ။        ။Greenford Hall, Ruislip Road, junction with Oldfield Lane South, Greenford, Middlesex, UB6 9QN
သာသနရံသီ ဂေါပကအဖွဲ့မှ နှစ်စဉ် ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၂၉-၀၇-၂၀၀၈ ရက်နေ့တွင် ကျရောက်သော ဆရာတော်ဦးဥတ္တရ၏ ရွှေရတုမွေးနေ့မင်္ဂလာပူဇော်ပွဲ ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ဓမ္မမိတ်ဆွေ အပေါင်းတို့အား လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။27 July (Sunday)
အချိန်        ။10:00 – 17:00
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ (before 13:30) နှင့် St. Matthias Hall (after 14:00)
 လေဘေးရန်ပုံငွေရှာမည့် မြန်မာ့ဆိုင်းဝိုင်း အထူးဖျော်ဖြေပွဲ (25/07/2008)
နာဂစ်လေမုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် ရန်ပုံငွေရှာ ဖျော်ဖြေပွဲတခုကို လန်ဒန်မြို့တွင် ဇူလိုင်-၂၅ ရက်နေ့၌ ကျင်းပသွားရန် ရှိပါသည်။ ဥရောပတွင် ပထမဆုံးအကြိမ် မြန်မာ့ဆိုင်းဝိုင်းကြီး အပြည့်အစုံဖြင့် တင်ဆက်သွားမည့် ဤဖျော်ဖြေပွဲတွင် နာမည်ကျော် ရွှေမန်းဇာတ်သဘင် အဖွဲ့မှ မင်းသားကိုချမ်းသာ နှင့် မြန်မာ့ဆိုင်း ပညာရှင် သီရိမောင်မောင် တို့တွဲဖက်၍ အထူးတင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။ လက်မှတ်များကို £30 (၁၂-နှစ်အောက် ကလေးများအတွက် £15, သုံးနှစ်အောက် ကလေးများ အခမဲ့) နှုန်းဖြင့် ၀ယ်ယူအားပေးနိုင်ကြပါသည်။
နေ့ရက်။        ။25 July (Friday)
အချိန်        ။16:00 – 22:00
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။Acton Town Hall
 စုပေါင်းရဟန်းခံ ရှင်ပြုပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ နှင့် သင်္ကြန်ပွဲ
ဧပြီလ ၁၂-ရက် နံနက်တွင် စုပေါင်းရဟန်းခံပွဲ နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ထို့နောက် ပရိသတ်များ နေ့လည်စာ သုံးဆောင်ခြင်း၊ နေ့လည်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် သံဃာတော်များမှ တရားတော်များ ဟောကြားခြင်း၊ ညနေတွင် The Nox တေးဂီတအဖွဲ့ နှင့် ၀ါသနာရှင်များ၏ မြန်မာ့ရိုးရာ တေးဂီတဖျော်ဖြေပွဲ များဖြင့် ကပြဖျော်ဖြေသွားရန် စီစဉ်ထားပါသည်။
နေ့ရက်။        ။ဧပြီလ ၁၂-ရက် (စနေနေ့)
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ (နံနက်ပိုင်း) နှင့် St. Matthias Hall (၁၃း၀၀ နောက်ပိုင်း)
 ထမနဲပွဲ
ဖေဖေါ်ဝါရီလ ၂၄-ရက် နေ့တွင် သာသနရံသီ ၀ိဟာရ၌ ထမနဲပွဲ နှင့် ၂၀၀၈ ခုနှစ် ဧပြီလ တွင်ပြုလုပ်မည့် သင်္ကြန်ပွဲအတွက် အကြိုညှိနှိုင်း စည်းဝေးပွဲ ပြုလုပ်မည်ဖြစ်ပါ၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင် တို့မှ ထမနဲဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့ရက်။        ။ဖေဖော်ဝါရီ ၂၄-ရက် (တနင်္ဂနွေနေ့)
အစီအစဉ်။        ။နေ့လည် ၂ နာရီ တွင် ထမနဲစတင်ထိုး၍ ညနေ ၆ နာရီတွင် သင်္ကြန် ပွဲအတွက်အစည်းအဝေး ကျင်းပမည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ
အလှူရှင်။        ။ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင်
 ဗုဒ္ဓနေ့အတွက် လှူဒါန်းကြပါရန် နှိုးဆော်ခြင်း
ကောဇာသက္ကရာဇ် ၁၃၇၀-ခု၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မေလ ၁၈-ရက်နေ့တွင် အင်္ဂလန်ရောက် သံဃာတော်များမှ ဦးစီး၍ ကျင်းပမည် ဖြစ်ပါသည်။
ဗုဒ္ဓနေ့အတွက် ခန်းမငှားရမ်းခ £1,465 နှင့် ဗုဒ္ဓစာစောင် အခမဲ့ ဖြန့်ဝေရန် £1,200 ခန့် ကုန်ကျမည် ဖြစ်ပါ၍ မိမိတို့ စွမ်းနိုင်သမျှ လှူဒါန်းကြပါရန် ဗုဒ္ဓနေ့ ဖြစ်မြောက်ရေး သံဃာတော်များမှ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
 ၂၀၀၈-ခုနှစ် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်
သာသနရံသီ ၀ိဟာရမှ နှစ်စဉ်ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ ပြက္ခဒိန် ၂၀၀၈-ခုနှစ်အတွက် ထွက်နေပါပြီ။ ၀ယ်ယူအားပေးရင်း ကုသိုလ်ယူနိုင်ကြပါသည်။
 လွတ်လပ်ရေးနေ့ အထူးအစီအစဉ် - ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲနှင့် ဆုတောင်းပွဲ (၀၅/၀၁/၂၀၀၈)
မြန်မာ့လွတ်လပ်ရေး အနှစ်-၆၀ ပြည့် အမှတ်တရ အဖြစ် Saffron Revolution (Facebook Group) နှင့် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (UK) မှ ကြီးမှူးပြီး၊ အဖွဲ့ပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (အသံတိတ်) နှင့် ဆုတောင်းပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
နေ့ရက်။။ဇန်န၀ါရီ ၅-ရက် (စနေနေ့)
အချိန်။၁၁း၃၀ မှ ၁၅း၃၀ အထိ
ဆုံရပ်ဌာနေ။။ Speakers’ Corner (အနီးဆုံး Tube Station: Marble Arch)
အစီအစဉ်။၁၂း၃၀ မှစတင်၍ Marble Arch မှ Trafalgar Square အထိ ငြိမ်းချမ်းစွာ (အသံတိတ်) လမ်းလျှောက် ကြပါမည်။ ၁၅း၀၀ တွင် အပြည်ပြည်ဆိုင်ရာ သံဃာတော်များက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မီးထွန်းဆုတောင်းကြမည်။အပြည့်အစုံသို့
 နှစ်သစ် ဆုတောင်းပွဲ (၀၁/၀၁/၂၀၀၈)
သာသနရံသီ ၀ိဟာရ၌ နှစ်သစ် ဆုတောင်းပွဲ ပြုလုပ်မည့် အကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။     ။ ဇန်န၀ါရီ ၁-ရက်၊ ၂၀၀၈ (အင်္ဂါနေ့)
အချိန်။       ။ ၁၄း၀၀ -ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင်၊ သား - ကိုပေါက် တို့က ကြာဆံဟင်းခါး ဖြင့် ကျွေးမွေး ဧည့်ခံပါမည်။
၁၅း၀၀ -နှစ်သစ်ကို ကြိုဆိုသော အားဖြင့်၊ မြန်မာ ပြည်သူပြည်သားများနှင့် ကမ္ဘာသူ ကမ္ဘာသားများ၏ ငြိမ်းချမ်းရေးအတွက် ဘုရားရှိခိုး မေတ္တာပို့သ ကြပါမည်။
 မသိုးသင်္ကန်းကပ်လှူပွဲ နှင့် တန်ဆောင်တိုင် မီးထွန်းပွဲ (၂၄/၁၁/၂၀၀၇)
သာသနရံသီ ၀ိဟာရ ၏ မသိုးသင်္ကန်းကပ်လှူပွဲ နှင့် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။၂၄/၁၁/၂၀၀၇ (စနေနေ့)
အချိန်။ ။ ညနေ ၅-နာရီ မှစ၍ ကြာဆံချက်ဖြင့် ကြွေးမွေး ဧည့်ခံပါမည်။ ညနေ ၆-နာရီ တိတိတွင် အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီးအား ဆီမီးကပ်လှူ ပူဇော်ပါမည်။
 ကထိန်သင်္ကန်းကပ်လှူပွဲ (နိုဝင်ဘာ-၁၁၊ တနင်္ဂနွေနေ့)
သာသနရံသီဝိဟာရနှင့် Pray for Freedom Burma Volunteers တို့ ဦးစီး၍ ဂျပန်၊ တရုတ်၊ သီရိလင်္ကာ၊ ယိုးဒယားနှင့် မြန်မာ နိုင်ငံတို့မှ သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူခြင်း၊ မေတ္တာပရိတ် တရားတော်များ နာယူခြင်း၊ မြန်မာ နိုင်ငံအတွင်း နိုင်ငံအတွက် အသက်စွန့်လှူသွား ခဲ့ကြသော သံဃာ့အာဇာနည်၊ ပြည်သူ့အာဇာနည် များအား ရည်စူး၍ ဆုတောင်းအမျှဝေခြင်း နှင့် မြန်မာအစားအစာ ဈေးရောင်းပွဲ တို့ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ အပြည့်အစုံသို့
နေ့ရက်။ ။ ၁၁-၁၁-၂၀၀ရ၊ တနင်္ဂနွေနေ့၊ နံနက် ၁၀း၃၀
နေရာ။ ။ Mary Sumner House, SW1P 3RB
ဝါတွင်း ၃-လ ပြုလုပ်မည့် အစီအစဉ်များ
(၁) ကလေးများအတွက် Saturday School ကို အပတ်စဉ် စနေနေ့  ညနေ ၃း၀၀ မှ ၅း၀၀ အထိ သင်တန်း ပို့ချမည် ဖြစ်ပါသည်။ ပို့ ချမည့် သင်တန်းများနှင့် နေ့ရက်များမှာ...
  • မြန်မာစာ အရေး ၊ အဖတ် သင်တန်း
  • (4 August မှ 27 October အထိ အပတ်စဉ် စနေနေ့တိုင်း)
  • အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း
  • (4 August မှ 27 October အထိ အပတ်စဉ် စနေနေ့တိုင်း)
(၂) လူလတ်ပိုင်း နှင့် လူကြီးပိုင်း အတွက် အပတ်စဉ် တနင်္ဂနွေနေ့  ညနေ ၅း၀၀ မှ ၆း၀၀ အထိ သင်တန်း ပို့ ချမည် ဖြစ်ပါသည်။ ပို့ ချမည့် သင်တန်းများနှင့် နေ့ရက်များမှာ
  • အဘိဓမ္မာ အခြေခံ နှင့် လောကဓမ္မ ဆက်သွယ်မှု သင်တန်း
  • (5 August မှ 28 October အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
(၃) အသုံးချ နည်းပညာ ဟောပြောပွဲ နှင့် Training ကို လ တစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေ နေ့ တိုင်း ညနေ ၂း၀၀ မှ ၃း၀၀ အထိ ပြုလုပ်ပါမည်။
ဟောပြောပွဲ ပြုလုပ်မည့် နေ့ များမှာ
  • ပညာရေး နှင့် ပတ်သက်သော Accounting, Computer နှင့် Scholarship အကြောင်းအရာများ
  • (26 August, 30 September, 28 October)
စိတ်ပါဝင်စားသူ မည်သူမဆို စာရင်းပေးသွင်းနိုင်ပါပြီ။      အပြည့်အစုံသိှုှ့ ...
သာသနရံသီ ဂေါပကအဖွဲ့မှ နှစ်စဉ် ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော်ဦးဥတ္တရ၏ မွေးနေ့မင်္ဂလာပူဇော်ပွဲကို ကျင်းပခဲ့ပါသည်။ ဓာတ်ပုံများကို မကြာမီ ဖော်ပြသွားပါမည်။
 စတုတ္ထအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲ (၂၉-၀၄-၂၀၀၇)
ဗြိတိန်နိုင်ငံရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများ စုပေါင်းကျင်းပမြဲ ဗုဒ္ဓနေ့ပူဇော်ပွဲကို Ealing Town Hall တွင် ၁၃၆၉-ခု၊ ကဆုန်လဆန်း ၁၄-ရက် (29 April 2007)၊ တနင်္ဂနွေနေ့ ၌ ကျင်းပခဲ့ပါသည်။
ဗြိတိန်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း ၈-ကျောင်းမှ ဆရာတော် ၁၇-ပါးတို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ London သာမက၊ Manchester, Birmingham မြို့များမှ ပရိတ်သတ်များ စုစုပေါင်း ၅၀၀-ခန့် ခန်းလုံးပြည့် တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
  ဗုဒ္ဓနေ့ ဓာတ်ပုံများ
 သင်္ကြန်ပွဲ (၁၄-၀၄-၂၀၀၇)
ဧပြီလ ၁၄-၇က် နံနက်တွင် ရဟန်းခံပွဲ၊ နေ့လည်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ညနေတွင် The Nox တေးဂီတအဖွဲ့ နှင့် ၀ါသနာရှင်များ၏ တေးဂီတဖျော်ဖြေပွဲများ ဆက်တိုက်ကျင်းပခဲ့ပါသည်။
 သင်္ကြန်ပွဲ ဓာတ်ပုံများ   (စုစုပေါင်း ၃၀၉-ပုံ)
 ၂၀၀၇-ခုနှစ် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်
သာသနရံသီ ၀ိဟာရမှ နှစ်စဉ်ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ ပြက္ခဒိန် ၂၀၀၇-ခုနှစ်အတွက် ထွက်နေပါပြီ။ ၀ယ်ယူအားပေးရင်း ကုသိုလ်ယူနိုင်ကြပါသည်။
Last Updated 30 January 2009
Downloads
 New!2009 English - Burmese Calendar
Join us on Facebook
Join us on Facebook
Follow our updates on Twitter
Follow our Twitter updates
Online Dhamma Player (Coming Soon...)
Launch Dhamma Player