Latest News
 New!  ၀ါဆိုသင်္ကန်းကပ်လှူပွဲ (27/07/2008)
သာသနရံသီ ဂေါပကအဖွဲ့မှ နှစ်စဉ် ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၂၉-၀၇-၂၀၀၈ ရက်နေ့တွင် ကျရောက်သော ဆရာတော်ဦးဥတ္တရ၏ ရွှေရတုမွေးနေ့မင်္ဂလာပူဇော်ပွဲ ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ဓမ္မမိတ်ဆွေ အပေါင်းတို့အား လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။        ။27 July (Sunday)
အချိန်        ။10:00 – 17:00
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ (before 13:30) နှင့် St. Matthias Hall (after 14:00)
 New! လေဘေးရန်ပုံငွေရှာမည့် မြန်မာ့ဆိုင်းဝိုင်း အထူးဖျော်ဖြေပွဲ (25/07/2008)
နာဂစ်လေမုန်တိုင်း ဒဏ်သင့် ဒုက္ခသည်များအား ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်လျက် ရန်ပုံငွေရှာ ဖျော်ဖြေပွဲတခုကို လန်ဒန်မြို့တွင် ဇူလိုင်-၂၅ ရက်နေ့၌ ကျင်းပသွားရန် ရှိပါသည်။ ဥရောပတွင် ပထမဆုံးအကြိမ် မြန်မာ့ဆိုင်းဝိုင်းကြီး အပြည့်အစုံဖြင့် တင်ဆက်သွားမည့် ဤဖျော်ဖြေပွဲတွင် နာမည်ကျော် ရွှေမန်းဇာတ်သဘင် အဖွဲ့မှ မင်းသားကိုချမ်းသာ နှင့် မြန်မာ့ဆိုင်း ပညာရှင် သူရမောင်မောင် တို့တွဲဖက်၍ အထူးတင်ဆက်သွားမည် ဖြစ်ကြောင်း သတင်းပါးအပ်ပါသည်။ လက်မှတ်များကို £30 (၁၂-နှစ်အောက် ကလေးများအတွက် £15, သုံးနှစ်အောက် ကလေးများ အခမဲ့) နှုန်းဖြင့် ၀ယ်ယူအားပေးနိုင်ကြပါသည်။
နေ့ရက်။        ။25 July (Friday)
အချိန်        ။16:00 – 22:00
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။Acton Town Hall
 စုပေါင်းရဟန်းခံ ရှင်ပြုပွဲ၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ နှင့် သင်္ကြန်ပွဲ
ဧပြီလ ၁၂-ရက် နံနက်တွင် စုပေါင်းရဟန်းခံပွဲ နှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ထို့နောက် ပရိသတ်များ နေ့လည်စာ သုံးဆောင်ခြင်း၊ နေ့လည်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် သံဃာတော်များမှ တရားတော်များ ဟောကြားခြင်း၊ ညနေတွင် The Nox တေးဂီတအဖွဲ့ နှင့် ၀ါသနာရှင်များ၏ မြန်မာ့ရိုးရာ တေးဂီတဖျော်ဖြေပွဲ များဖြင့် ကပြဖျော်ဖြေသွားရန် စီစဉ်ထားပါသည်။
နေ့ရက်။        ။ဧပြီလ ၁၂-ရက် (စနေနေ့)
အစီအစဉ်။        ။အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ (နံနက်ပိုင်း) နှင့် St. Matthias Hall (၁၃း၀၀ နောက်ပိုင်း)
 ထမနဲပွဲ
ဖေဖေါ်ဝါရီလ ၂၄-ရက် နေ့တွင် သာသနရံသီ ၀ိဟာရ၌ ထမနဲပွဲ နှင့် ၂၀၀၈ ခုနှစ် ဧပြီလ တွင်ပြုလုပ်မည့် သင်္ကြန်ပွဲအတွက် အကြိုညှိနှိုင်း စည်းဝေးပွဲ ပြုလုပ်မည်ဖြစ်ပါ၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင် တို့မှ ထမနဲဖြင့် ဧည့်ခံကျွေးမွေးပါမည်။
နေ့ရက်။        ။ဖေဖော်ဝါရီ ၂၄-ရက် (တနင်္ဂနွေနေ့)
အစီအစဉ်။        ။နေ့လည် ၂ နာရီ တွင် ထမနဲစတင်ထိုး၍ ညနေ ၆ နာရီတွင် သင်္ကြန် ပွဲအတွက်အစည်းအဝေး ကျင်းပမည်။
နေရာ။        ။သာသနရံသီ ၀ိဟာရ
အလှူရှင်။        ။ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင်
 ဗုဒ္ဓနေ့အတွက် လှူဒါန်းကြပါရန် နှိုးဆော်ခြင်း
ကောဇာသက္ကရာဇ် ၁၃၇၀-ခု၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မေလ ၁၈-ရက်နေ့တွင် အင်္ဂလန်ရောက် သံဃာတော်များမှ ဦးစီး၍ ကျင်းပမည် ဖြစ်ပါသည်။
ဗုဒ္ဓနေ့အတွက် ခန်းမငှားရမ်းခ £1,465 နှင့် ဗုဒ္ဓစာစောင် အခမဲ့ ဖြန့်ဝေရန် £1,200 ခန့် ကုန်ကျမည် ဖြစ်ပါ၍ မိမိတို့ စွမ်းနိုင်သမျှ လှူဒါန်းကြပါရန် ဗုဒ္ဓနေ့ ဖြစ်မြောက်ရေး သံဃာတော်များမှ နှိုးဆော် တိုက်တွန်းအပ်ပါသည်။
 ၂၀၀၈-ခုနှစ် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်
သာသနရံသီ ၀ိဟာရမှ နှစ်စဉ်ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ ပြက္ခဒိန် ၂၀၀၈-ခုနှစ်အတွက် ထွက်နေပါပြီ။ ၀ယ်ယူအားပေးရင်း ကုသိုလ်ယူနိုင်ကြပါသည်။
 လွတ်လပ်ရေးနေ့ အထူးအစီအစဉ် - ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲနှင့် ဆုတောင်းပွဲ (၀၅/၀၁/၂၀၀၈)
မြန်မာ့လွတ်လပ်ရေး အနှစ်-၆၀ ပြည့် အမှတ်တရ အဖြစ် Saffron Revolution (Facebook Group) နှင့် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (UK) မှ ကြီးမှူးပြီး၊ အဖွဲ့ပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ (အသံတိတ်) နှင့် ဆုတောင်းပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
နေ့ရက်။။ဇန်န၀ါရီ ၅-ရက် (စနေနေ့)
အချိန်။၁၁း၃၀ မှ ၁၅း၃၀ အထိ
ဆုံရပ်ဌာနေ။။ Speakers’ Corner (အနီးဆုံး Tube Station: Marble Arch)
အစီအစဉ်။၁၂း၃၀ မှစတင်၍ Marble Arch မှ Trafalgar Square အထိ ငြိမ်းချမ်းစွာ (အသံတိတ်) လမ်းလျှောက် ကြပါမည်။ ၁၅း၀၀ တွင် အပြည်ပြည်ဆိုင်ရာ သံဃာတော်များက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် မီးထွန်းဆုတောင်းကြမည်။အပြည့်အစုံသို့
 နှစ်သစ် ဆုတောင်းပွဲ (၀၁/၀၁/၂၀၀၈)
သာသနရံသီ ၀ိဟာရ၌ နှစ်သစ် ဆုတောင်းပွဲ ပြုလုပ်မည့် အကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။     ။ ဇန်န၀ါရီ ၁-ရက်၊ ၂၀၀၈ (အင်္ဂါနေ့)
အချိန်။       ။ ၁၄း၀၀ -ဒေါက်တာ ၀င်းထွဋ်၊ မမေလှမောင်၊ သား - ကိုပေါက် တို့က ကြာဆံဟင်းခါး ဖြင့် ကျွေးမွေး ဧည့်ခံပါမည်။
၁၅း၀၀ -နှစ်သစ်ကို ကြိုဆိုသော အားဖြင့်၊ မြန်မာ ပြည်သူပြည်သားများနှင့် ကမ္ဘာသူ ကမ္ဘာသားများ၏ ငြိမ်းချမ်းရေးအတွက် ဘုရားရှိခိုး မေတ္တာပို့သ ကြပါမည်။
 မသိုးသင်္ကန်းကပ်လှူပွဲ နှင့် တန်ဆောင်တိုင် မီးထွန်းပွဲ (၂၄/၁၁/၂၀၀၇)
သာသနရံသီ ၀ိဟာရ ၏ မသိုးသင်္ကန်းကပ်လှူပွဲ နှင့် တန်ဆောင်တိုင် မီးထွန်းပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ။၂၄/၁၁/၂၀၀၇ (စနေနေ့)
အချိန်။ ။ ညနေ ၅-နာရီ မှစ၍ ကြာဆံချက်ဖြင့် ကြွေးမွေး ဧည့်ခံပါမည်။ ညနေ ၆-နာရီ တိတိတွင် အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီးအား ဆီမီးကပ်လှူ ပူဇော်ပါမည်။
 ကထိန်သင်္ကန်းကပ်လှူပွဲ (နိုဝင်ဘာ-၁၁၊ တနင်္ဂနွေနေ့)
သာသနရံသီဝိဟာရနှင့် Pray for Freedom Burma Volunteers တို့ ဦးစီး၍ ဂျပန်၊ တရုတ်၊ သီရိလင်္ကာ၊ ယိုးဒယားနှင့် မြန်မာ နိုင်ငံတို့မှ သံဃာတော်များကို ကထိန်သင်္ကန်းကပ်လှူခြင်း၊ မေတ္တာပရိတ် တရားတော်များ နာယူခြင်း၊ မြန်မာ နိုင်ငံအတွင်း နိုင်ငံအတွက် အသက်စွန့်လှူသွား ခဲ့ကြသော သံဃာ့အာဇာနည်၊ ပြည်သူ့အာဇာနည် များအား ရည်စူး၍ ဆုတောင်းအမျှဝေခြင်း နှင့် မြန်မာအစားအစာ ဈေးရောင်းပွဲ တို့ကို ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ အပြည့်အစုံသို့
နေ့ရက်။ ။ ၁၁-၁၁-၂၀၀ရ၊ တနင်္ဂနွေနေ့၊ နံနက် ၁၀း၃၀
နေရာ။ ။ Mary Sumner House, SW1P 3RB
ဝါတွင်း ၃-လ ပြုလုပ်မည့် အစီအစဉ်များ
(၁) ကလေးများအတွက် Saturday School ကို အပတ်စဉ် စနေနေ့  ညနေ ၃း၀၀ မှ ၅း၀၀ အထိ သင်တန်း ပို့ချမည် ဖြစ်ပါသည်။ ပို့ ချမည့် သင်တန်းများနှင့် နေ့ရက်များမှာ...
  • မြန်မာစာ အရေး ၊ အဖတ် သင်တန်း
  • (4 August မှ 27 October အထိ အပတ်စဉ် စနေနေ့တိုင်း)
  • အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း
  • (4 August မှ 27 October အထိ အပတ်စဉ် စနေနေ့တိုင်း)
(၂) လူလတ်ပိုင်း နှင့် လူကြီးပိုင်း အတွက် အပတ်စဉ် တနင်္ဂနွေနေ့  ညနေ ၅း၀၀ မှ ၆း၀၀ အထိ သင်တန်း ပို့ ချမည် ဖြစ်ပါသည်။ ပို့ ချမည့် သင်တန်းများနှင့် နေ့ရက်များမှာ
  • အဘိဓမ္မာ အခြေခံ နှင့် လောကဓမ္မ ဆက်သွယ်မှု သင်တန်း
  • (5 August မှ 28 October အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း)
(၃) အသုံးချ နည်းပညာ ဟောပြောပွဲ နှင့် Training ကို လ တစ်လ၏ နောက်ဆုံးအပတ် တနင်္ဂနွေ နေ့ တိုင်း ညနေ ၂း၀၀ မှ ၃း၀၀ အထိ ပြုလုပ်ပါမည်။
ဟောပြောပွဲ ပြုလုပ်မည့် နေ့ များမှာ
  • ပညာရေး နှင့် ပတ်သက်သော Accounting, Computer နှင့် Scholarship အကြောင်းအရာများ
  • (26 August, 30 September, 28 October)
စိတ်ပါဝင်စားသူ မည်သူမဆို စာရင်းပေးသွင်းနိုင်ပါပြီ။      အပြည့်အစုံသိှုှ့ ...
သာသနရံသီ ဂေါပကအဖွဲ့မှ နှစ်စဉ် ကျင်းပမြဲဖြစ်သော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဆရာတော်ဦးဥတ္တရ၏ မွေးနေ့မင်္ဂလာပူဇော်ပွဲကို ကျင်းပခဲ့ပါသည်။ ဓာတ်ပုံများကို မကြာမီ ဖော်ပြသွားပါမည်။
 စတုတ္ထအကြိမ် ဗုဒ္ဓနေ့ပူဇော်ပွဲ (၂၉-၀၄-၂၀၀၇)
ဗြိတိန်နိုင်ငံရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများ စုပေါင်းကျင်းပမြဲ ဗုဒ္ဓနေ့ပူဇော်ပွဲကို Ealing Town Hall တွင် ၁၃၆၉-ခု၊ ကဆုန်လဆန်း ၁၄-ရက် (29 April 2007)၊ တနင်္ဂနွေနေ့ ၌ ကျင်းပခဲ့ပါသည်။
ဗြိတိန်ရှိ ဗုဒ္ဓဘာသာမြန်မာဘုန်းကြီးကျောင်း ၈-ကျောင်းမှ ဆရာတော် ၁၇-ပါးတို့မှ တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ London သာမက၊ Manchester, Birmingham မြို့များမှ ပရိတ်သတ်များ စုစုပေါင်း ၅၀၀-ခန့် ခန်းလုံးပြည့် တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
  ဗုဒ္ဓနေ့ ဓာတ်ပုံများ
 သင်္ကြန်ပွဲ (၁၄-၀၄-၂၀၀၇)
ဧပြီလ ၁၄-၇က် နံနက်တွင် ရဟန်းခံပွဲ၊ နေ့လည်တွင် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ညနေတွင် The Nox တေးဂီတအဖွဲ့ နှင့် ၀ါသနာရှင်များ၏ တေးဂီတဖျော်ဖြေပွဲများ ဆက်တိုက်ကျင်းပခဲ့ပါသည်။
 သင်္ကြန်ပွဲ ဓာတ်ပုံများ   (စုစုပေါင်း ၃၀၉-ပုံ)
 ၂၀၀၇-ခုနှစ် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်
သာသနရံသီ ၀ိဟာရမှ နှစ်စဉ်ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ ပြက္ခဒိန် ၂၀၀၇-ခုနှစ်အတွက် ထွက်နေပါပြီ။ ၀ယ်ယူအားပေးရင်း ကုသိုလ်ယူနိုင်ကြပါသည်။
Last Updated 16 July 2008
Downloads
 Download Adobe Reader
Online Dhamma Player (Coming Soon...)
Launch Dhamma Player
This Month
This Month's Calendar